unhcr : 01/02/2016
ဥရောပကို ပင်လယ်ပြင်ကနေ ပြောင်းရွှေ့လာကြတဲ့ ဒုက္ခသည်ဦးရေဟာ ယခုနှစ်အတွင်းမှာ ၁သန်းအထိရှိမယ်လို့ ကုလဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
နယ်မြေဖြတ်ကျော်လာသော လူပေါင်း ၃၄၂၁၅ဦး အပါအဝင် ဒီနှစ်ဥရောပကိုရောက်ရှိလာတဲ့ လူပေါင်းတစ်သန်းကျော်ရှိပြီလို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားအဖွဲ့ကြီးရဲ့ ပြောဆိုချက်နောက်မှာ UNHCR ရဲ့ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
ဒီနှစ်အတွင်း လှေနဲ့လူပေါင်း ၁၀ဝ၀၅၇၃ယောက်ရောက်ရှိလာပြီး ၈၄၄၁၇၆ယောက်က ဂရိမှာ အခြေချပြီးတော့ ၁၅၂၇၀ဝယောက်ကတော့ အီတလီမှာအခြေချပါတယ်။
စပိန်ကို ၃၅၉၂ရောက်ရှိလာပြီးတော့ မော်တာကို ၁၀၅ယောက်ရောက်ရှိလာခဲ့တယ်လို့ UNHCR က ပြောဆိုလိုက်ပါတယ်။
ရေတွက်မှုကိုတော့ ဂရိ၊ အီတလီ၊ စပိန်နဲ့ မော်တာနိုင်ငံတို့ရဲ့အစိုးရဌာနရဲတွေနဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ အချက်အလက်တွေကနေ အခြေခံပြီးတွက်ချက်ထားတာ ဖြစ်ပါတယ်။ ရောက်လာသူတွေရဲ့ ၄၉ ရာခိုင်နှုန်းက ဆီးရီးယားကဖြစ်ပြီးတော့ ၂၁ရာခိုင်နှုန်းကတော့ အာဖဂန်နစ္စတန်ကဖြစ်ပါတယ်။

နောက်ထပ် ၃၇၃၅ ယောက်သောသူတို့က သေဆုံးပျောက်ဆုံးအနေနဲ့ရှိတယ်လို့ ကုလဒုက္ခသည်များဆိုင်ရာအဖွဲ့က ပြောဆိုပါတယ်။
၂၀၁၅ ခုနှစ်အစောပိုင်းက ဥရောပအရှေ့တောင်ပိုင်းက အယ်ဘေနီးယား၊ ကိုဆိုဗို နဲ့ ဆာဘီးယားက မြောက်များစွာသောသူများအပါအဝင် ဒုက္ခသည်ဦးရေကို ဂျာမနီက တစ်ခြား ဥရောပနိုင်ငံတွေထက် ပိုမိုလက်ခံခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်အစောပိုင်းက ဥရောပအရှေ့တောင်ပိုင်းက အယ်ဘေနီးယား၊ ကိုဆိုဗို နဲ့ ဆာဘီးယားက မြောက်များစွာသောသူများအပါအဝင် ဒုက္ခသည်ဦးရေကို ဂျာမနီက တစ်ခြား ဥရောပနိုင်ငံတွေထက် ပိုမိုလက်ခံခဲ့ရပါတယ်။
ဒီနှစ်မှာ ဒုက္ခသည်ဦးရေ ၁.၁ သန်းနီးပါး ဂျာမနီကိုရောက်ရှိလာခဲ့တယ်လို့ ဘာဘာရီရန် (ဂျာမနီအရှေ့တောင်ပိုင်း) လူမှုဝန်ကြီးဌာနဝန်ကြီး အမ်မီလာမူလာက ဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပါတယ်။ အများစုက ဘာဘာရီရာက တဆင့်ဖြစ်တယ်လို့ သတင်းအေဂျင်စီ dpa က ဖော်ပြပါတယ်။ ဘာဘာရီရန်ပြည်နယ်အစိုးရရဲ့ ဒုက္ခသည်ဦးရေ ကန့်သတ်ဖို့ အရေးတကြီး လိုအပ်နေပြီဆိုတဲ့ အပြင်းအထန်တောင်းဆိုချက်ကိုလည်း သူမက အထူးအလေးပေးပြောဆိုသွားပါတယ်။
0 comments:
Post a Comment