ရခိုင်ပြည်နယ် အစိုးရဖွဲ့နိုင်ရေး စစ်တွေမြို့ခံများ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒီချုပ်တွေ့ဆုံ

လာမည့်အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ကို ဒီချုပ်ဦးဆောင်ဖွဲ့ စည်းရန် အနိုင်ရဒီချုပ်ပြည်နယ်လွှတ်တော်အမတ်များက ဇန်န၀ါရီ ၁၅ ရက်က စတင်၍ စစ်တွေမြို့သို့ လာရောက်လေ့လာမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ဒီချုပ်ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အနိုင်ရပြည် နယ်လွှတ်တော် ကိုယ်စားလှယ် လောင်းလည်းဖြစ်သူ ဦးညီပု၊ တောင် ကုတ်မြို့နယ်မှ အနိုင်ရပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် ဂွမြို့နယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တို့သည် ဇန်န၀ါရီ ၁၅ ရက်က ပြည်နယ် အစိုးရ အဖွဲ့ရုံးသို့လာရောက်လေ့လာခဲ့ပြီး ဇန်န၀ါရီ ၁၆ရက်တွင်ရွှေစေတီ ဘုန်းတော်ကြီးကျောင်း၌ မြို့ပေါ် လူမှုအဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ စစ်တွေမြို့ခံတစ်ဦးကပြောသည်။
ယင်းသို့ စစ်တွေမြို့ပေါ်လူမှု အဖွဲ့အစည်းနှင့် တွေ့ဆုံရာတွင်  အနာဂတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပွင့်လင်းမြင်သာမှုရှိသောအစိုးရတစ်ရပ်အဖြစ် ဒီချုပ်ပါတီက ဦးဆောင်ဖွဲ့စည်းမည် ဖြစ် ကြောင်း  ဦးညီပုက ပြောသည်။
‘‘ဒီချုပ်အဖွဲ့က လာရောက် တွေ့ဆုံဆွေးနွေးချက်အပေါ်မှာ လူမှု အဖွဲ့အစည်းတွေက ပြည် နယ်အရေး၊ ပညာရေး၊ စီးပွား ရေး၊ ရွှေ့ပြောင်းအလုပ်သမား များအရေးနဲ့ ခိုးဝင်ဘင်္ဂါလီတွေနဲ့ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ရပ်တည်ချက်ကို ဆွေးနွေး ခဲ့ကြပါတယ်’’ ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် လူမှုအဖွဲ့အ စည်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။ ရခိုင်ပြည်နယ်တွင် ပြီးခဲ့ သည့် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲ၌ အင်အားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦး၊ ဒီချုပ်မှ ကိုးဦးနှင့် ကြံ့ခိုင်ရေးပါတီမှနှစ်ဦး အနိုင်ရရှိခဲ့သည်။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment