နှစ်သစ်ကူးပွဲ တိုက်ခိုက်ဖို့ ကြံသူ နယူးယောက်မှာ ဖမ်းဆီး

နှစ်သစ်ကူးကြိုဆိုပွဲမှာ IS အကြမ်းဖက်အဖွဲ့ အတွက် ရည်စူးပြီး၊ အရပ်သားတွေကို သတ်ဖြတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် မှာ နေထိုင်သူ တစ်ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန် တရားရေးဌာန က ပြောလိုက်ပါတယ်။
အသက်၂၅နှစ်အရွယ်ရှိတဲ့ Emanuel L. Lutchman ကို IS အဖွဲ့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေ ထောက်ပံ့ကူညီဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကြာသပတေးနေ့မနက်က ကနဦး ရုံးတင်စစ်ဆေးခဲ့တယ်လို့ ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားရုံး မှတ်တမ်းတွေ အရ တရားခံဟာ ပြည်ပက IS အဖွဲ့ဝင်တွေဆီက ညျွန်ကြားချက်တွေရရှိခဲ့ပြီး၊ နယူးယောက်မြို့ ရိုချက်စတာမြို့က စားသောက်ဆိုင်တွေမှာ အရပ်သားပြည်သူတွေကို လက်နက်ကိုင် တိုကိခိုက်ဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment