![Indonesian Gov`t Sends Humanitarian Aid to Rohingya People](https://cdn.tmpo.co/data/2016/12/07/id_562533/562533_620.jpg)
29/12/2016 ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကွန်တိန်နာ ၁ဝ လုံးရှိတဲ့ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး အကူအညီတွေကို အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့ ပေးပို့လိုက်တယ်လို့ သိရပါတယ်။ ဒီအထဲမှာ အဆင်သင့် စားသုံးနိုင်တဲ့ စားနပ်ရိက္ခာပစ္စည်းတွေ၊ ကလေးသူငယ်အာဟာရနဲ့ အဝတ်အစားတွေ ပါဝင်တယ်လို့သိရပါတယ်။
ဒီအကူအညီတွေဟာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးစဉ်က မြန်မာဘက်က တောင်းဆိုခဲ့တဲ့ အကူအညီတွေ ဖြစ်တယ်လို့ ဂျာကာတာမြို့တော်မှာ ပြုလုပ်တဲ့ ဆိပ်ကမ်းတင် ပို့ဆောင်တဲ့ပွဲမှာ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
အဲဒီပစ္စည်းတွေ ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတွေ ပေါ်ပေါက်လာစေရေး အတွက် စေတနာနဲ့ လှူဒါန်းမှုတွေအဖြစ် လက်ခံလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ အာစီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးအပြီး အခုလို လှူဒါန်း တာတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
0 comments:
Post a Comment