ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီကြားဝင်ဖို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ တောင်းဆို Unknown 8:56 PM မြန်မာ သတင်း , ရခိုင်ပြည်နယ်သတင်း Edit မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကို ကြားဝင်ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အိတ်ဖွင့်ပေးစာ ရေးသားပြီး တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး နိုဗယ်လ်ဆုရှင် ၁၃ ဦးနဲ့ နိုင်ငံရေးသမားတွေ အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၂၃ ဦးက လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဒီဇင်ဘာလ ၂၉ရက်နေ့က အိပ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်တာပါ။ အဲဒီပေးစာမှာ... ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာအစိုးရစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ရိုဟင်ဂျာ ရာပေါင်းများစွာ သေဆုံးပြီး၊ နေအိမ်တွေမီးရှို့- အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရကြောင်းနဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း အဲဒီဒေသကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက် ပေးခွင့်မရကြောင်း၊ ဒါကြောင့် အဲဒီဒေသကို နိုင်ငံတကာ ကူညီရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရဖို့အတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းစေလိုကြောင်း... စသဖြင့် ဖော်ပြထားပါတယ်။ ဒ့ါပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူနည်းစုတွေကို နိုင်ငံသား အခွင့်အရေး တန်းတူပေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တွေက ဝေဖန်လိုက်ပါတယ်။ ဒီစာမှာ လက်မှတ်ထိုးတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေထဲမှာ... အရှေ့တီမော သမ္မတဟောင်း ဟိုဆေး ရာမို့စ်ဟော်တာ၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့၊ အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ ပါကစ္စတန်က မာလာလာတို့ ပါဝင်ပါတယ်။ လုံခြုံရေးကောင်စီ အနေနဲ့ ရိုဟင်ဂျာအရေးကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို စေလွှတ်ဖို့လည်း ဒီပေးစာမှာ တောင်းဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ Share on Facebook Share on Twitter Share on Google Plus About Unknown This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel. RELATED POSTS
0 comments:
Post a Comment