မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများ အဆုံးသတ်ရန် နောက်တက်လာမည့်အစိုးရထံ HRW တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာပြီးစီးသွားသော ရွေးကောက်ပွဲက နှစ်တစ်နှစ်အတွင်း အထင်ကရ အဖြစ်အပျက်ပင်ဖြစ်ပြီး နိုင်ငံတွင်း အိုင်ဖွဲ့နေသည့် လူ့အခွင့်အရေး အခြေအနေများကလည်း ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ၂၀၁၆ ကမ္ဘာ့အစီရင်ခံစာကို ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ NLD ပါတီက ဖွဲ့စည်းပုံ အနာအဆာများအတွင်းမှပင် သောင်ပြို ကမ်းပြိုနိုင်ခဲ့ခြင်း ဖြစ်သော်လည်း တစ်နိုင်ငံလုံး ရွေးကောက်ပွဲများက လုပ်ထုံးလုပ်နည်းအရ လွတ်လပ်မှုတော့ ရှိခဲ့ပါသည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဦးရေက မြင့်တက်လာသည်။
စာမျက်နှာ ၆၅၉ မျက်နှာပါ ၂၀၁၆ ကမ္ဘာ့အစီရင်ခံစာတွင် နိုင်ငံပေါင်း ၉၀ ကျော်၏ လူ့အခွင့်အရေး ကျင့်သုံးမှုများကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သုံးသပ်ထားသည်။ မိတ်ဆက်စာတမ်းတွင် အမှုဆောင်ချုပ် Kenneth Roth က အရှေ့အလယ်ပိုင်း အလွန်အစွန်းရောက် တိုက်ခိုက်မှုများ ပျံ့နှံ့ခြင်းနှင့် ဖိနှိပ်မှုများ၊ ပဋိပက္ခများမှ ထွက်ပြေးလာသည့် ဒုက္ခသည်များ အလုံးလိုက်စီးဝင်ခြင်းက အစိုးရများအတွက် မိမိနိုင်ငံ လုံခြုံရေးကို ကာကွယ်မှုပြုရာတွင် အလွဲအမှားများကို ဦးတည်စေတော့ကြောင်း ရေးသားထားသည်။
“မြန်မာလူထုနဲ့ ကမ္ဘာက ယခင်အစိုးရနဲ့ ဆယ်စုနှစ်ကြာစစ်အုပ်ချုပ်ရေးတို့ လက်အောက်မှာ အမြစ်တွယ်ခဲ့တဲ့ မဖြေရှင်းနိုင်တဲ့ အခွင့်အရေးအလွဲသုံးစားပြုမှုနဲ့ မမျှတတဲ့ ဥပဒေတွေကို လာမယ့်အစိုးသစ်က ကိုင်တွယ် နိုင်လိမ့်မည်လို့ မျှော်လင်တကြီး ရှိနေပါတယ်။ အစိုးရသစ်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရပါမယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Phil Robertson ကပြောသည်။
၂၀၁၅ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားဦးရေက တိုးတက်လာခဲ့ပြီး နှစ်ဆုံးတွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုနှင့် အခြား အခြေခံလွတ်လပ်ခွင်များအတွက် ၁၁၂ ဦးခန့် ဖမ်းဆီးအကျဉ်းချခံရသည်ဟုလည်း လယ်ယာမြေအရေး ဆန္ဒပြသူအများစုဖြစ်သည့် လူပေါင်း အနည်းဆုံး ၄၈၆ ဦးကိုလည်း တရားစွဲဆိုခံထားရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မတ်လအတွင်းက ဆန္ဒပြကျောင်းသားများကို ရဲက အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးကာ တရားစွဲဆိုခံရသူ ၅၀ ကျော်ရှိသည်။
“၂၀၁၅ ရွေးကောက်ပွဲကတော့ မျှော်လင့်ချက်သစ်တွေကို မွေးဖွားပေးပြီး မြန်မာပြည်သူများအတွက် အတိအကျ ပြောင်းလဲမှုတွေကို တောင်းဆိုလိုက်တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့ အောင်မြင်မှုကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခဝါချရမျာဖြစ်ပြီး တာရှည်မြဲအောင် လုပ်ဆောင်သွားရမှာ ပဲဖြစ်ပါတယ်”ဟု Robertson ကပြောခဲ့သည်။ 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment